
2026年9月16日、ミャンマーから2名が無事に鹿児島へ到着しました!✨
これから2名は、それぞれ新しい仕事に挑戦します。
👨 男性は、垂水市の製造業で働きます。
👩 女性は、鹿児島市で介護の仕事をします。
🌱 日本での生活は、これまでとは違う環境や文化、仕事のルールなど、初めて経験することもたくさんあります。
分からないことや大変なこともあると思いますが、一つひとつ経験しながら、少しずつ日本の生活と仕事に慣れていってほしいと思います。
🤝 私たちも、2名が安心して日本で生活し、仕事に取り組めるように、これからも心を込めてサポートしていきます。
これからの日本での生活が、たくさんの学びと素敵な思い出、そして大きな成長につながりますように。
🇯🇵🇲🇲 これから一緒に頑張っていきましょう! 💪🌸
🌸🇯🇵 ဂျပန်နိုင်ငံမှ ကြိုဆိုပါတယ်! 🇲🇲🌸
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံလူမျိုး ၂ ဦးဟာ ကာဂိုရှီးမားကို အဆင်ပြေပြေ ရောက်ရှိလာခဲ့ပါတယ်! ✨
အခုကစပြီး သူတို့ ၂ ဦးဟာ သက်ဆိုင်ရာ အလုပ်သစ်တွေကို စတင်လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။
👨 အမျိုးသားကတော့ တာရုမိမြို့မှာရှိတဲ့ ထုတ်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
👩 အမျိုးသမီးကတော့ ကာဂိုရှီးမားမြို့မှာ စောင့်ရှောက်ရေး (介護) လုပ်ငန်းမှာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
🌱 ဂျပန်နိုင်ငံမှာ နေထိုင်တဲ့အခါ မတူတဲ့ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ အလုပ်စည်းမျဉ်းတွေကို ပထမဆုံးအကြိမ် တွေ့ကြုံရမှာဖြစ်တဲ့အတွက် သင်ယူစရာတွေ အများကြီးရှိမှာ ဖြစ်ပါတယ်။
မသိသေးတဲ့အရာတွေ၊ ခက်ခဲတဲ့အရာတွေလည်း ရှိနိုင်ပေမယ့် အရာတစ်ခုချင်းစီကို အတွေ့အကြုံယူရင်း ဂျပန်နိုင်ငံရဲ့ နေထိုင်မှုပုံစံနဲ့ အလုပ်ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း အသားကျလာစေချင်ပါတယ်။
🤝 ကျွန်ုပ်တို့ကလည်း သူတို့ ၂ ဦး ဂျပန်နိုင်ငံမှာ စိတ်ချလုံခြုံစွာ နေထိုင်ပြီး အလုပ်ကို အဆင်ပြေစွာ လုပ်ကိုင်နိုင်ဖို့ အခုကစပြီး ဆက်လက်ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
သူတို့ရဲ့ ဂျပန်နိုင်ငံမှာ စတင်မယ့် ဘဝသစ်ဟာ သင်ယူစရာများစွာ၊ ကောင်းမွန်တဲ့ အမှတ်တရများနဲ့ တိုးတက်အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
🇯🇵🇲🇲 ရှေ့ဆက်ပြီး အတူတူကြိုးစားသွားကြရအောင်! 💪🌸

