2026年8月31日、ミャンマーから5名の皆さんが日本へ来日しました。
これから鹿児島県の沖永良部島で介護の仕事に携わります。
5名の皆さんは、日本で働くことを楽しみにしながら、来日前から日本語の勉強にも一生懸命取り組んできました。日本での生活を通して、これまで学んできた日本語を実際の生活や仕事の中で活かし、新しい経験を積みながら、さまざまなことに挑戦していきたいという思いを持っています。
また、介護の仕事は、人の生活や命に関わるとても大切な仕事だと考えており、利用者様が安心して毎日を過ごせるように、安全で思いやりのある支援をしていきたいと話してくれました。
日本での生活は、これまでとは違う環境や文化、仕事のルールなどがあり、最初は大変なことや分からないこともたくさんあると思います。しかし、一つひとつ経験しながら、少しずつ日本の生活や仕事に慣れていってほしいと思います。
私たちも、5名の皆さんが安心して日本で生活し、仕事に取り組めるように、できる限りサポートしていきます。
これから始まる日本での新しい生活が、たくさんの学びと素敵な経験にあふれたものになりますように。✨

これから一緒に頑張っていきましょう!🇯🇵🇲🇲🌸
🇯🇵 ဂျပန်နိုင်ငံမှ နွေးထွေးစွာ ကြိုဆိုပါတယ်!🌸
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ လူငယ် ၅ ဦး ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။
အခုချိန်ကစပြီး သူတို့ ၅ ဦးဟာ Kagoshima ပြည်နယ်၊ Okinoerabu ကျွန်းမှာသက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ပေးခြင်းအလုပ်ကို လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
သူတို့ဟာ ဂျပန်နိုင်ငံကို မလာခင်ကတည်းက ဂျပန်ဘာသာစကားကို အလေးအနက်ထားပြီး ကြိုးစားလေ့လာလာခဲ့ကြပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိလာပြီးနောက်မှာလည်း လေ့လာထားတဲ့ ဂျပန်ဘာသာစကားကို နေ့စဉ်ဘဝနဲ့ အလုပ်ခွင်မှာ အသုံးချရင်း အတွေ့အကြုံအသစ်များ ရယူပြီး မိမိတို့မသိသေးတဲ့ အရာအသစ်များကို စိန်ခေါ်ကြိုးစားသွားကြမှာဖြစ်ပါတယ်။
ထို့အပြင် 介護 အလုပ်ဟာ လူတွေရဲ့နေ့စဉ်ဘဝနဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ အလုပ်တစ်ခု ဖြစ်တယ်လို့ နားလည်ထားကြပြီး၊ ဘေးကင်းလုံခြုံပြီး နွေးထွေးကြင်နာတဲ့ စောင့်ရှောက်မှုများ ပေးနိုင်ဖို့ ရည်ရွယ်ထားကြပါတယ်။
ဂျပန်နိုင်ငံမှာ နေထိုင်တဲ့အခါ ပတ်ဝန်းကျင်အသစ်၊ ယဉ်ကျေးမှုအသစ်၊ ဘာသာစကားနဲ့ အလုပ်ခွင်စည်းမျဉ်းများ စတာတွေကြောင့် အစပိုင်းမှာ အခက်အခဲတွေ၊ မသိနားမလည်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံတစ်ခုချင်းစီကနေ သင်ယူရင်း ဂျပန်နိုင်ငံရဲ့ နေထိုင်မှုပုံစံနဲ့ အလုပ်ခွင်ကို တဖြည်းဖြည်း အသားကျလာမယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ဘက်ကလည်း ၅ ဦးလုံး ဂျပန်နိုင်ငံမှာ စိတ်ချလုံခြုံစွာ နေထိုင်ပြီး အလုပ်လုပ်နိုင်အောင် တတ်နိုင်သမျှ အစွမ်းကုန် ပံ့ပိုးကူညီပေးသွားမှာဖြစ်တဲ့အတွက် စိတ်မပူကြပါနဲ့။ 🤝
ဂျပန်နိုင်ငံမှာ စတင်မယ့် ဘဝအသစ်ဟာ အတွေ့အကြုံကောင်းများ၊ သင်ယူစရာများနဲ့ အောင်မြင်မှုများစွာ ၇၇ှိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ✨
အခုကစပြီး အတူတူ ကြိုးစားသွားကြရအောင်!🇯🇵🇲🇲🌸

\ 最新情報をチェック /